EHM-Malaysia Cover photo

မလေးရှားနိုင်ငံ ကျန်းမာရေးနှင့် ပညာရေး ကူညီစောင့်ရှောက်မှုအသင်း

FME -School of Basic Educaiton သည် NUG-MOE အသိအမှတ်ပြု ကြားကာလ ပညာသင်ကြားရေးနှင့်
CDM Support လုပ်ငန်းများဆောင်ရွက်ရန်အတွက်ရည်ရွယ်၍ ဖွင့်လှစ်သော Online သင်တန်းကျောင်းဖြစ်ပါသည်။ စေတနာဝန်ထမ်းအဖြစ် ပူးပေါင်းပါဝင်မည့် ပညာရေး CDM ဆရာ/ဆရာမများအား လေစားစွာ ဖိတ်ခေါ်အပ်ပါသည်။

ခရမ်းမြို့နယ် CDM ဝန်ထမ်းများအတွက် EHM မှ ထောက်ပံ့လှူဒါန်းခြင်း

” NUG ၊ ပညာရေးဝန်ကြီးဌာန မှ တစ်ဆင့် Education & Healthcare for Myanmar အဖွဲ့ ” က အလှူငွေ ၅၀၀၀၀၀၀ (သိန်းငါးဆယ်ကျပ်တိတိ) ကို ခရမ်းမြို့နယ် ခက်ခဲCDMဝန်ထမ်းများကူညီနိုင်ရန်လှူဒါန်းပေးသည့်အတွက် ကျေးဇူးတင် ဂုဏ်ပြုအပ်ပါသည်။ လက်ခံရရှိသောအလှူငွေကို ကြားကာလပညာရေးအကောင်အထည်ဖော်နိုင်ရေး နှင့် CDM ဝန်ထမ်းများအား ကူညီထောက်ပံ့ရေးတို့တွင် စနစ်တကျ စီမံအသုံးပြုသွားမည် ဖြစ်ပါသည်။ ယုံကြည်စွာ လှူဒါန်းပေးသူများကို အထူးကျေးဇူးတင်ပါသည်။ 
CDM ဝန်ထမ်းများအတွက် ပြည်သူလူထုမှ ဆက်လက်လှူဒါန်းပေးကြပါရန်လည်း တိုက်တွန်းအပ်ပါသည်။ လှူဒါန်းလိုပါက EHM-Malaysia Facebook Page Messenger မှတစ်ဆင့်ဆက်သွယ်လှူဒါန်းနိုင်ပါတယ်ခင်ဗျာ…

EHM MALAYSIA တရားဝင်ဖွဲ့စည်းခြင်းနှင့်အလုပ်အမှုဆောင်ရွေးချယ်ခြင်း အစည်းအဝေးမှတ်တမ်း

  • EHM-Malaysia စတင်ဖွဲ့စည်းခြင်းနှင့် အလုပ်အမှုဆောင်အဖွဲ့ ရွေးချယ်ခြင်းကို မလေးရှားစံတော်ချိန် ည (၉) နာရီတွင် စတင်ခဲ့ပါသည်။
  • အခမ်းအနားမှူးအဖြစ် ကိုရန်ကုန် (ထိုင်းနိုင်ငံ)မှ တာဝန်ယူဆောင်ရွက်ပေးပါသည်။
  • အစည်းအဝေးတွင် ပါဝင်ဆွေးနွေးသော အကြောင်းအရာများမှာ –
    1. EHM-Malaysia ၏ လုပ်ဆောင်ချက်များနှင့် လုပ်ဆောင်မည့် လုပ်ငန်းစဉ်များအား ဆရာ ရောဘတ်စောထူးအောင်မှ ပြောကြားပေးပါသည်။
    2. အစည်းအဝေးတက်ရောက်လာသူများမှ တစ်ဦးချင်းစီ မိတ်ဆက်ကြပြီး သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ပါသည်။
    3. အဖွဲ့အစည်းမှ ဥက္ကဌ၊ ဒု-ဥက္ကဌ၊ အတွင်းရေးမှူးနေရာများနှင့် အခြားအဖွဲ့ဝင်များ၏ လုပ်ဆောင်ရမည့် တာဝန်နှင့် နေရာအသီးသီးကို အောက်ဖေါ်ပြပါလူများအား ရွေးချယ်ပေးခဲ့ပါသည်။
    4. ဆရာရောဘတ်စောထူးအောင်မှ ယာယီဖွဲ့စည်းထားသော EHM-Malaysia ကိုဖျက်သိမ်းပြီး တရားဝင်ဖွဲ့စည်းပြီးကြောင်း ကြေငြာခဲ့ပါသည်။
    5. အများသဘောတူညီမှုဖြင့် ခန့်အပ်ထားသော ဥက္ကဌ (EHM-Malaysia) မှ ကျေးဇူးတင်စကားပြောကြားခဲ့ပါသည်။
    6. ကျန်ရှိသော အမှု့ဆောင်များမှ ကျေးဇူးတင်စကားပြောကြားခဲ့ပြီး မလေးရှားစံတော်ချိန် နံနက်(၁)နာရီတွင် အစည်းအဝေးကို ရုပ်သိမ်းခဲ့ပါသည်။
Read More 

EHM Malaysia မှဦးစီးသော ကာဂျန်း လူငယ်ဘောလုံးပြိုင်ပွဲ နှင့် ရန်ပုံငွေစျေးရောင်းပွဲတော်

10/7/2022 နေ့ ကာဂျန်း(Kajang)မြို့ တွင် EHM Malaysia နှင့် ကာဂျန်းလူငယ် အဖွဲ့မှ ကြီးမှူးကျင်းပသော ဘော်လုံးအားကစားပြိုင်ပွဲ နှင့် ရန်ပုံ‌ ငွေစျေးရောင်းပွဲတော်အား အောင်မြင်စည်ကားစွာ ကျင်းပနိုင်ခဲ့သည့် အတွက် EHM(malaysia) မိသားစုမှ အထူးပင်ဝမ်းသာကျေနပ်မိပါသည်။

အဖွင့်အမှာစကားနှင့် နှစ်ဘက်အားကစားသမားများ တရားမျှမျတတ ချစ်ချစ်ခင်ခင် ယှဥ်ပြိုင်ကျပါရန် အမှာစကားပြောကြားပေးပါသော EHM(malaysia) ရုံးအဖွဲ့မှူး ကို Kirk Kyaw အားလည်း ကျေးဇူးအထူးတင်ရှိပါသည်ခင်ဗျာ။

အစားအသောက် ဧည့်ခံကြွေးမွေးရေးနှင့်တကွ အစစ အရာရာ လိုလေးသေးမရှိ အောင် စီစဥ်ပေးပါသော Kajang လူငယ် အဖွဲ့ နှင့်တကွ EHM(Malaysia) ၏ EC များဖြစ်ကျသော ကိုသန်းဝင်း၊ မသင်းသင်းနွယ် နှင့် Kajang နယ်မြေတာဝန်ခံများအားလုံးကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါသည်ခင်ဗျာ။

Read More 

မြွေကိုက်ခံရသောလူနာအား EHM အသင်းမှ ကျန်းမာရေးကူညီစောင့်ရှောက်မှုမှတ်တမ်း

EHM Malaysia Team
ကျန်းမာရေးစောင့်ရှောက်မှု
မလေးရှား နိုင်ငံ Butterworth မြို့မှ မြွေကိုတ်ခံ ရသော အရေးပေါ်လူနာ အား ဆေးရုံတက်ကုသခွင့်‌ ရရရှိအောင်
EHM Member card ထုတ်ပေးနိုင်ခဲ့ခြင်း အတွက် EHM မိသားစု မှ အထူးပင် ဂုဏ်ယူဝမ်းမြောက်မိပါသည်။
လူနာအား အစ အဆုံး လိုက်ပါကူညီပေးသော Butterworth နယ်​မြေတာဝန်ခံ နှင့် လှူမှူ အသင်း အဖွဲ့ အားလုံး
အားလည်း အထူးပင် ကျေးဇူးတင် ရှိပါသည်ခင်ဗျာ။

Read More 

ခြေထောက်ကျိုးသူအား EHM အသင်းမှ ကျန်းမာရေးကူညီစောင့်ရှောက်မှုမှတ်တမ်း

EHM Malaysia Team
ကျန်းမာရေးစောင့် ရှောက်မှု
ကာဂျန်းနယ်မြေ EHM Malaysia Team ကာဂျန်းလူငယ်အဖွဲ့မှ ကြီးမှုးကျင်းပသော ရန်ပုံငွေ ဘောလုံးပွဲတွင်
ခြေထောက်ကျိုးသွားသော ညီငယ်တယောက်အား EHM Malaysia Team မှတာဝန်ရှိသူများနှင့်
ကာဂျန်းလူငယ်အဖွဲ့မှ တာဝန်ရှိသူများ သွားရောက်ကြည့်ရှုပြီး ကျန်းမာရေးအတွက်လိုအပ်ချက်များ ကူညီထောက်ပံ့ခဲ့ပါသည်။

Read More 

EHM-Malaysia

Education and Healthcare For Myanmar (Malaysia)