(၁)စေတနာရှင်များ ကျန်းမာရေးနှင့် နာရေးကူညီမှုပရဟိတအဖွဲ့အစည်းများသည် EHM မလေးရှား၏ ပင်မအင်အားဖြစ်သည်။ ထိုသူများနှင့် ညှိနှိုင်းဆောင်ရွက်မှုများပြုလုပ်ပြီး အဖွဲ့ဝင်များ၏ ကျန်းမာရေးစောင့်ရှောက်မှုများအား ကူညီမှုများလုပ်ဆောင်ပေးသွားမည်။
(၂) ဆေးရုံဆေးခန်း တက်ရောက်ရန် အခက်အခဲရှိကြသော အထောက်အထားမပြည့်စုံသည့် မလေးရှားရောက် မြန်မာပြည်သူပြည်သားများအတွက် ဆေးရုံဆေးခန်းများ တက်ရောက်ပြသနိုင်ရန် EHM မလေးရှားအဖွဲ့မှ အဓိက ကူညီလုပ်ဆောင်ပေးသွားမည်။
(၃) ဆေးကုသရန်လိုအပ်သော အဖွဲ့ဝင်များအား နယ်မြေတာဝန်ခံများ၊ လူမှုကူညီရေးအသင်းအဖွဲ့များ၊ ကျန်းမာရေးကူညီစောင့်ရှောက်ရေး ပရဟိတအဖွဲ့များနှင့် ညှိနှိုင်းဆောင်ရွက်မှုများပြုလုပ်၍ ကူညီဆောင်ရွက်မှုများပြုလုပ်ပေးသွားမည်။
(၄) မူးယစ် ရမ်းကား သောက်စားသူများအား EHM မလေးရှားအဖွဲ့မှ ကျန်မာရေးကူညီစောင့်ရှောက်မှုများ ကူညီပေးသွားမည်မဟုတ်ပါ။
(၅) EHM အဖွဲ့ဝင်များ ကျန်းမာရေးစောင့်ရှောက်မှုများ လိုအပ်၍ အကူအညီတောင်းခံလာပါက စေနာရှင်များနှင့် EHM အဖွဲ့တွင်ပါဝင်ပေါင်းစုထားသည့် ကျန်းမာရေးနှင့် နာရေးကူညီမှုပရဟိတ အဖွဲ့အစည်းများမှ တက်နိုင်သည့်ဘက်မှ ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်ပေးကြပါရန် EHM အဖွဲ့မှ မေတ္တာရပ်ခံပါသည်။
(၆) EHM အဖွဲ့၏ ကျန်းမာရေးစောင့်ရှောက်မှုများအား အဖွဲ့ဝင်များအားလုံးခံစားခွင့်ရှိသော်လည်း အဖွဲ့ဝင်အဖြစ်လျှောက်ထားသည့်နေ့မှစ၍ အနည်းဆုံး ၁လ ကျော်လွန်ပီးမှသာ ခံစားခွင့်ရှိသည်။