ရန်ပုံငွေရှာဖွေရေး
၁။ ရန်ပုံငွေရှာဖွေရေးအဖွဲ့များသည် ရန်ပုံငွေရှာဖွေရာတွင် နယ်မြေအသီးသီးရှိ နယ်မြေတာဝန်ခံများနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်ကြရမည်။
၂။ ရရှိလာသော ရန်ပုံငွေများအား EHM (Malaysia) အသင်းအတွက်သာ သုံစွဲသွားကြရမည် ဖြစ်ပါသည်။
၃။ ရရှိလာသော ရန်ပုံငွေများအား အသင်း၏ ဘဏ္ဍာရေးအဖွဲ့သို့ အပ်နှံပေးသွားရပါမည်။
၄။ ရန်ပုံငွေများအား မည်သူတစ်ဦးတစ်ယောက်မှ မိမိအတွက်သော်၎င်း၊ အခြားအဖွဲ့အစည်းများအတွက်သော်၎င်း သုံးစွဲခြင်းမပြုရ။
စည်းရုံးရေး
၁။ စည်းရုံးရေးသွားသူများသည် မိမိသွားရောက်စည်းရုံးမည့်နယ်မြေရှိ နယ်မြေတာဝန်ခံများအား အကြောင်းကြားပေး၍ အတူတကွ ပူးပေါင်းဆောင်ရွက်ကြရမည်။
၂။ စည်းရုံးရေး သွားရောက်လုပ်ကိုင်မည့် အချိန်၊ နေ့ရက်၊ နေရာ၊ လိုက်ပါမည့်လူဦးရေတို့အား ကြိုတင်၍ ရုံးအဖွဲ့သို့ အကြောင်းကြားပေးရမည်။
၃။ စည်းရုံးရေးပြုလုပ်ရာတွင် အခက်အခဲများရှိပါက ရုံးအဖွဲ့နှင့် နယ်မြေတာဝန်ခံများထံ တင်ပြပေးရမည်။
၄။ စည်းရုံးရေးသွားရာတွင် အသင်းမှ တာဝန်ခံကဒ်၊ အဖွဲ့ဝင်ကဒ်များ ယူဆောင်သွားကြရမည်။
၅။ အသင်း၏ ကဒ်အား EHM (Malaysia) Card ဟုသာ ပြောဆိုစည်းရုံးကြရမည်။
(မှတ်ချက်။ ။ စည်းရုံးရေးဟောပြောပွဲပြုလုပ်နေချိန်အတွင်း မူးယစ်သောက်စားခြင်းမပြုကြရပါ။)