“EHM အသင်းကြီး၏ အခမဲ့ ကျန်းမာရေး စောင့်ရှောက်မှူ အစီအစဥ် ဒုတိယနေ့ “

EHM၏ အခမဲ့ ကျန်းမာရေး စောင့်ရှောက်မှူ အစီအစဥ် ဒုတိယနေ့ ကို ကာဂျန်း(kajang)မြို့ BANDAR TECH တွင် ယနေ့ နေ့လည် ၁၁နာရီမှ စတင်၍ ပြုလုပ်ပေးခဲ့ပါသည်။

ဒုတိယနေ့တွင်လည်း ပထမနေ့ကဲ့သို့ပင် အထွေထွေ ကျန်းမာရေးစစ်ဆေးမှူများပြုလုပ်ပေးခြင်း၊ကျန်းမာရေးကိစ္စမျိူးဆုံကို ဆရာဝန်ကြီးများမှအကြံပေးဆွေးနွေးပေးခြင်း၊သွား နှင့်ခံတွင်းဆိုင်ရာ ကုသ အကြံပေးခြင်း၊ COVID ကိုဗစ်ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်း များကို လူမျိူးမရွေး ဘာသာမရွေး အခမဲ့ ကူညီ ကုသ ပေးခဲ့ပါသည်။

EHM အသင်းကြီး၏ အခမဲ့ ကျန်းမာရေးစောင့်ရှောက်မှူ ဒုတိယနေ့ အစီအစဥ် ချောမွေ့စေရန် အဘက်ဘက်မှ ကြိုးစား ကူညီ ဆောင်ရွက် ပေးခဲ့ကျပါသော “ကာဂျန်း လူငယ် အဖွဲ့” အား အထူးပင်ကျေးဇူးတင်ရှိပါသည်။

နောင်တွင်လည်း EHM အသင်းကြီး အနေဖြင့် ယခုကဲ့သို့ အခမဲ့ ကျန်မာရေး စောင့်ရှောက်မှူ အစီအစဥ်များ ကို မလေးရှားနိုင်ငံ ဒေသ အသီးသီးတွင် ဆောင်ရွက်ပေးသွားရန် ရှိသဖြင့်….ညီ အကို မောင်နှမ များအနေဖြင့် မသိလိုက်မရှိရလေအောင် EHM malaysia FB page ကို Follow လုပ်ထားပေးစေလိုပါသည်ခင်ဗျာ။
https://www.facebook.com/EHMMalaysia

EHM-malaysia

သတင်းနှင့်ပြန်ကြားရေး

Leave a Comment

Your email address will not be published. Required fields are marked *