10/7/2022 နေ့ ကာဂျန်း(Kajang)မြို့ တွင် EHM Malaysia နှင့် ကာဂျန်းလူငယ် အဖွဲ့မှ ကြီးမှူးကျင်းပသော ဘော်လုံးအားကစားပြိုင်ပွဲ နှင့် ရန်ပုံ ငွေစျေးရောင်းပွဲတော်အား အောင်မြင်စည်ကားစွာ ကျင်းပနိုင်ခဲ့သည့် အတွက် EHM(malaysia) မိသားစု မှ အထူးပင် ဝမ်းသာကျေနပ်မိပါသည်။
အဖွင့် အမှာစကားနှင့် နှစ်ဘက်အားကစားသမားများ တရားမျှမျတတ ချစ်ချစ်ခင်ခင် ယှဥ်ပြိုင်ကျပါရန် အမှာစကားပြောကြားပေးပါသော EHM(malaysia) ရုံးအဖွဲ့မှူး ကို Kirk Kyaw အားလည်း ကျေးဇူးအထူးတင်ရှိပါသည်ခင်ဗျာ၊
အစားအသောက် ဧည့်ခံကြွေးမွေးရေးနှင့်တကွ အစစ အရာရာ လိုလေးသေးမရှိ အောင် စီစဥ်ပေးပါသော Kajang လူငယ် အဖွဲ့ နှင့်တကွ EHM(Malaysia) ၏ EC များဖြစ်ကျသော ကိုသန်းဝင်း….မသင်းသင်းနွယ် နှင့် Kajang နယ်မြေတာဝန်ခံများအားလုံးအားလည်း အထူးပင်ကျေးဇူးတင်ရှိပါသည်ခင်ဗျာ။
၁၇ရက် ၇လ ၂၀၂၂ တွင် EHM Malaysia ကာဂျန်းလူငယ် အဖွဲ့မှ ကြီးမှူးကျင်းပသော ဘော်လုံးပြိုင်ပွဲ ၏ Semi-final
နှင့် ဗိုလ်လုပွဲ ပွဲစဥ်များ အား စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ခဲ့ပါသည်။
ပြိုင်ပွဲစဥ်များအပီးတွင် EHM malaysia ၏ ဗဟိုအလုပ်အမှူဆောင် ဦးဆန်နီ ၊ ဒုတိယ ဥက္ကဋ္ဌ ဦးခင်မောင်စန်း နှင့်တကွ EHM malaysia မှ တာဝန်ရှိ ပုဂ္ဂိုလ်များက ပြိုင်ပွဲဝင် အသင်းသားများ အား ခင်မင်ရင်းနှီးစွာ တွေ့ဆုံ၍ အနိုင်ရဆုဖလား နှင့်တကွ သက်ဆိုင်ရာ အကောင်းဆုံး ကစားသမား/အသင်းဆုများအား အသီးသီး ချီးမြှင့်ပေးအပ်ခဲ့ကျပါသည်။
ယခု ကဲ့သို့သော အားကစားပြိုင်ပွဲကြီးကို မလေးရှားရောက် မြန်မာနိုင်ငံသားများ စည်းစည်းလုံးလုံး ပျော်ပျော်ရွှင်ရွှင် ဖြင့် အောင်မြင်စွာ ကျင်းပနိုင်ခဲ့သည့် အတွက် ပွဲဖြစ်မြောက်ရေးအပေါ် အဘက်ဘက်မှ လူအား ငွေအား အချိန်အားဖြင့် အားသွန်ခွန်စိုက် ပါဝင်ကူညီခဲ့ကျသော လူပုဂ္ဂိုလ် အသင်းအဖွဲ့ အယောက်စီတိုင်းကို EHM malaysia မှ မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါသည် ခင်ဗျာ။