၂၂.၀၅.၂၀၂၂ (ည-၉း၀၀) မလေးရှား
- EHM-Malaysia စတင်ဖွဲ့စည်းခြင်းနှင့် အလုပ်အမှုဆောင်အဖွဲ့ ရွေးချယ်ခြင်းကို မလေးရှားစံတော်ချိန် ည (၉) နာရီတွင် စတင်ခဲ့ပါသည်။
- အခမ်းအနားမှူးအဖြစ် ကိုရန်ကုန် (ထိုင်းနိုင်ငံ)မှ တာဝန်ယူဆောင်ရွက်ပေးပါသည်။
- အစည်းအဝေးတွင် ပါဝင်ဆွေးနွေးသော အကြောင်းအရာများမှာ –
- EHM-Malaysia ၏ လုပ်ဆောင်ချက်များနှင့် လုပ်ဆောင်မည့် လုပ်ငန်းစဉ်များအား ဆရာ ရောဘတ်စောထူးအောင်မှ ပြောကြားပေးပါသည်။
- အစည်းအဝေးတက်ရောက်လာသူများမှ တစ်ဦးချင်းစီ မိတ်ဆက်ကြပြီး သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ပါသည်။
- အဖွဲ့အစည်းမှ ဥက္ကဌ၊ ဒု-ဥက္ကဌ၊ အတွင်းရေးမှူးနေရာများနှင့် အခြားအဖွဲ့ဝင်များ၏ လုပ်ဆောင်ရမည့် တာဝန်နှင့် နေရာအသီးသီးကို အောက်ဖေါ်ပြပါလူများအား ရွေးချယ်ပေးခဲ့ပါသည်။
- ဆရာရောဘတ်စောထူးအောင်မှ ယာယီဖွဲ့စည်းထားသော EHM-Malaysia ကိုဖျက်သိမ်းပြီး တရားဝင်ဖွဲ့စည်းပြီးကြောင်း ကြေငြာခဲ့ပါသည်။
- အများသဘောတူညီမှုဖြင့် ခန့်အပ်ထားသော ဥက္ကဌ (EHM-Malaysia) မှ ကျေးဇူးတင်စကားပြောကြားခဲ့ပါသည်။
- ကျန်ရှိသော အမှု့ဆောင်များမှ ကျေးဇူးတင်စကားပြောကြားခဲ့ပြီး မလေးရှားစံတော်ချိန် နံနက်(၁)နာရီတွင် အစည်းအဝေးကို ရုပ်သိမ်းခဲ့ပါသည်။
ရွေးချယ်ခံရသူများစာရင်း
ဥက္ကဌ | ဦးဗိုလ်ဗိုလ်အောင် |
ဒု-ဥက္ကဌ | ဦးခင်မောင်ဆန်း |
အတွင်းရေးမှူး | ဦးအဲလက်စ် |
အတွင်းရေးမှူး အဖွဲ့ဝင် | ဒေါ်သင်းသင်းနိုင်၊ ဦးဘိုဘိုကျော်၊ ဦးအောင်ထန်း၊ ဦးသန်းဝင်း၊ ဦးဆန်းကျော်စိုး၊ ဦးသန်းနိုင်၊ ဦးခိုင်မိုးလင်း |
နိုင်ငံခြားရေးရာ | ဒေါ်သင်းသင်းနိုင် |
ကျန်းမာရေးရာ | ဦးသန်းနိုင် |
ပညာရေးရာ | ဦးအောင်ထန်း၊ ဒေါ်ခင်ညွန့်ရည် |
အလုပ်သမားရေးရာ | ဦးဘိုဘိုကျော်၊ ဦးမြင့်သူ |
စာရင်းစစ် | ဒေါ်ဇင်မာ၊ ဒေါ်အိဖြူသိန်း |
ဘဏ္ဍာရေးရာ | ဒေါ်မင်းမင်းမျိုးလတ်၊ ဒေါ်သင်းသင်းနွယ်၊ ဦးထူးနိုင် |
ရုံးအဖွဲ့မှူး | ဦးကစ်ကျော် |
ရုံးအဖွဲ့ဝင် | ဦးသက်နိုင်ထူး ၊ ဦးဂျက် |
UN ဆက်သွယ်ရေး | ဦးအဲလက်စ် ၊ ဒေါ်သင်သင်းနိုင် |
ဂျိုဟိုးတာဝန်ခံ | ဦးအောင်ဆန်းဦး |
ဆရမ်ဘန်းတာဝန်ခံ | ဦးစိုးသူ |
ကပ်ပုန်းတာဝန်ခံ | ဦးလှဌေး |
ကာဂျန်းတာဝန်ခံ | ဦးဆန်းမင်း |