EHM-Malaysia Cover photo

EHM ငွေ​ကြေးစီမံခန့်ခွဲ​ရေး  မူဝါဒ မူကြမ်း

၁။ အသင်း၏ ဘဏ္ဍာငွေများကို မန်ဘာဝင်များ၏ ကျန်းမာရေးအကူညီတောင်းခံမှု့များဆောင်ရွက်ရာတွင်သော်၎င်း၊ပညာရေးအတွက် ထောက်ပံအသုံးပြုရာတွင်သော်၎င်း အကူညီတောင်းခံမှု့များအား အကူညီတောင်ခံလာသူ၏ အကြောင်းအရာပေါ်မူတည်၍ မည်မျှကူညီထောက်ပံ့​ပေးနိုင်ရန် ရုံးအဖွဲ့နှင့်အသင်းအားတင်ပြဆွေးနွေးညှိနိုင်ပြီး အားလုံး၏ သဘောတူညီမှု့ရယူ၍ ကူညီထောက်ပံ့မှု့များ ဆောင်ရွက်ရမည်။

၂။ မလေးရှားနိုင်ငံအတွင်း မြို့နယ်အလိုက် ကျန်းမာရေးနှင့်ပညာရေးအတွက် အကူညီတောင်းခံမှု့များ လိုက်ပါဆောင်ရွက်ရာတွင်သော်၎င်း၊အသင်း၏
ကိစ္စအဝဝကိုဆောင်ရွက်ရာတွင်သော်၎င်း အသင်းမှအကျိုးတော်ဆောင် တာဝန်ရှိသူများအနေဖြင့် ခရီးစာရိတ်နှင့်အထွေထွေကုန်ကျမှု့များအား
မိမိစာရိတ်ဖြင့်သာ ကူညီဆောင်ရွက်ပေးရမည်။

၃။ ရုံးပိုင်းဆိုင်ရာ အသုံးအဆောင်ပစ္စည်းများနှင့် မဖြစ်မနေကုန်ကျရမည့် အထွေထွေစာရိတ်များ သုံးစွဲရန် လိုအပ်ပါက ဘဏ္ဍာငွေအား မထိခိုက်စေရန်
အသင်းအဖွဲ့ဝင်များအားလုံး စည်းဝေးတိုင်ပင်ပြီး ရန်ပုံငွေရှာ၍သော်၎င်း၊ အဖွဲ့ဝင်များမတည် ခွဲတန်းချ၍သော်၎င်း သုံးစွဲသွားရမည်။

၄။ အသင်း၏ ဘဏ္ဍာငွေ အဝင်အထွက်စာရင်းရှင်းတမ်းများအား ပွင့်လင်းမြင်သာစွာဖြင့် လစဥ်ရှင်းတမ်းနှင့်တကွ ဘဏ္ဍာရေးဌာနမှ တာဝန်ယူ ထုတ်ပြန်
ကြေငြာပေးရမည်။

၅။   တင်ပြတောင်းခံလာသော ငွေကြေးအား ဘဏ္ဍရေးမူဘောင်နှင့်အညီ ဘဏ္ဍာရေးဆိုင်ရာဌာန၏ တင်ပြမှု့အား လက်ခံကြရန်။

၆။   အသင်းကြီးတွင် ဘဏ္ဍာငွေလုံလောက်မူမရှိပါက တောင်းခံလာသူများသည် မိမိတို့၏ ရန်ပုံငွေဖြင့်သာကူညီဆောင်ရွက်ပေးကြပါရန်။

မှတ်ချက်။ ။တောင်းခံတင်ပြလာသော ဘဏ္ဍာငွေများကို ဘဏ္ဍာစီမံမှ စီစစ်ပြီးပါက အသင်းဥက္ကဌ/ဒုဥက္ကဌ (သို့) အထွေထွေ အတွင်းရေးမှုးမှ သဘောတူလက်မှတ်ထိုးပေးရန်။