၁။ မလေးရှားရောက် မြန်မာပြည်သူပြည်သားများ၏ ကျောင်းနေအရွယ်ကလေးများအား ကျောင်နေနိုင်ရန်နှင့် ကျောင်းတက်နိုင်ဖို့အတွက် ကူညီလုပ်ဆောင်ပေးရန်။
၂။ ကျောင်းတက်ရောက်နိုင်ဖို့အတွက် အထောက်အထားများ ရရှိနိုင်အောင် ကူညီဆောင်ရွက်ပေးခြင်းများ လုပ်ဆောင်ပေးရန်။
၃။ မလေးရှားအစိုးရ ပညာရေးဝန်ကြီးဌာန၊ NUG ပညာရေးဝန်ကြီးဌာနနှင့် ပညာရေး ကဏ္ဍများအား ပူးပေါင်းလုပ်ဆောင်သွားရန်။
၄။ မလေးရှားတွင်ကျောင်းတက်ရောက်နေသောကလေးများအား NUG ပညာရေးဝန်ကြီးဌာနမှ မြန်မာနိုင်ငံတွင် ကျောင်းပြန်လည်တက်ရောက်နိုင်ဖို့ရန်အတွက် ဆောင်ရွက်ပေးရန်။
၅။ အဖွဲ့ဝင်များ၏ သားသမီးများ ကျောင်းတက်နိုင်ရန် အထောက်းအထား ကဒ်များအား EHM Team မှ အခမဲ့ပြုလုပ်ပေးသွားရန်။
၆။ ကလေးများ၏ ကျောင်းစရိတ်အား မိဘများမှ တာဝန်ယူဆောင်ရွက်ပေးရန်။
၇။ EHM အဖွဲ့၏ ပညာရေးကူညီမှုများအား EHM အဖွဲ့ဝင်များအားလုံးသော်၎င်း၊ EHM အဖွဲ့ဝင်မဟုတ်သော မြန်မာနိုင်ငံသားတိုင်းရင်းသား ညီအကိုမောင်နှမများအားလုံးကိုသော်၎င်း ကူညီမှုများပေးသွားမည်။