EHM MALAYSIA တရားဝင်ဖွဲ့စည်းခြင်းနှင့်အလုပ်အမှုဆောင်ရွေးချယ်ခြင်း အစည်းအဝေးမှတ်တမ်း

၂၂.၀၅.၂၀၂၂ (ည-၉း၀၀) မလေးရှား EHM-Malaysia စတင်ဖွဲ့စည်းခြင်းနှင့် အလုပ်အမှုဆောင်အဖွဲ့ ရွေးချယ်ခြင်းကို မလေးရှားစံတော်ချိန် ည (၉) နာရီတွင် စတင်ခဲ့ပါသည်။ အခမ်းအနားမှူးအဖြစ် ကိုရန်ကုန် (ထိုင်းနိုင်ငံ)မှ တာဝန်ယူဆောင်ရွက်ပေးပါသည်။ အစည်းအဝေးတွင် ပါဝင်ဆွေးနွေးသော အကြောင်းအရာများမှာ – EHM-Malaysia ၏ လုပ်ဆောင်ချက်များနှင့် လုပ်ဆောင်မည့် လုပ်ငန်းစဉ်များအား ဆရာ ရောဘတ်စောထူးအောင်မှ ပြောကြားပေးပါသည်။ အစည်းအဝေးတက်ရောက်လာသူများမှ တစ်ဦးချင်းစီ မိတ်ဆက်ကြပြီး သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ပါသည်။ အဖွဲ့အစည်းမှ ဥက္ကဌ၊ ဒု-ဥက္ကဌ၊ အတွင်းရေးမှူးနေရာများနှင့် အခြားအဖွဲ့ဝင်များ၏ လုပ်ဆောင်ရမည့် တာဝန်နှင့် နေရာအသီးသီးကို အောက်ဖေါ်ပြပါလူများအား ရွေးချယ်ပေးခဲ့ပါသည်။ ဆရာရောဘတ်စောထူးအောင်မှ ယာယီဖွဲ့စည်းထားသော EHM-Malaysia ကိုဖျက်သိမ်းပြီး တရားဝင်ဖွဲ့စည်းပြီးကြောင်း ကြေငြာခဲ့ပါသည်။ အများသဘောတူညီမှုဖြင့် ခန့်အပ်ထားသော ဥက္ကဌ (EHM-Malaysia) မှ ကျေးဇူးတင်စကားပြောကြားခဲ့ပါသည်။ …

EHM MALAYSIA တရားဝင်ဖွဲ့စည်းခြင်းနှင့်အလုပ်အမှုဆောင်ရွေးချယ်ခြင်း အစည်းအဝေးမှတ်တမ်း Read More »

စေတနာ့ဝန်ထမ်း သင်ကြားရေး ဆရာ/ဆရာမ ခေါ်ယူခြင်း

စေတနာ့ဝန်ထမ်းသင်ကြားရေးဆရာ/ဆရာမများခေါ်ယူခြင်း

FME -School of Basic Educaiton သည် NUG-MOE အသိအမှတ်ပြု ကြားကာလ ပညာသင်ကြားရေးနှင့် CDM Support လုပ်ငန်းများဆောင်ရွက်ရန်အတွက်ရည်ရွယ်၍ ဖွင့်လှစ်သော Online သင်တန်းကျောင်းဖြစ်ပါသည်။ စေတနာဝန်ထမ်းအဖြစ် ပူးပေါင်းပါဝင်မည့် ပညာရေး CDM ဆရာ/ဆရာမများအား လေစားစွာ ဖိတ်ခေါ်အပ်ပါသည်။

ခရမ်းမြို့နယ် CDM ဝန်ထမ်းများအတွက် EHM မှ ထောက်ပံ့လှူဒါန်းခြင်း

” NUG ၊ ပညာရေးဝန်ကြီးဌာန မှ တစ်ဆင့် Education & Healthcare for Myanmar အဖွဲ့ ” က အလှူငွေ ၅၀၀၀၀၀၀ (သိန်းငါးဆယ်ကျပ်တိတိ) ကို ခရမ်းမြို့နယ် ခက်ခဲCDMဝန်ထမ်းများကူညီနိုင်ရန်လှူဒါန်းပေးသည့်အတွက် ကျေးဇူးတင် ဂုဏ်ပြုအပ်ပါသည်။ လက်ခံရရှိသောအလှူငွေကို ကြားကာလပညာရေးအ​ကောင်အထည်ဖော်နိုင်ရေး နှင့် CDM ဝန်ထမ်းများအား ကူညီထောက်ပံ့ရေးတို့တွင် စနစ်တကျ စီမံအသုံးပြုသွားမည် ဖြစ်ပါသည်။ ယုံကြည်စွာ လှူဒါန်းပေးသူများကို အထူးကျေးဇူးတင်ပါသည်။ CDM ဝန်ထမ်းများအတွက် ပြည်သူလူထုမှ ဆက်လက်လှူဒါန်းပေးကြပါရန်လည်း တိုက်တွန်းအပ်ပါသည်။ လှူဒါန်းလိုပါက EHM-Malaysia Facebook Page Messenger မှတစ်ဆင့်ဆက်သွယ်လှူဒါန်းနိုင်ပါတယ်ခင်ဗျာ…